Ko Aung ရဲ့ ဗို့ တွေအကြောင်း
ဖုန်းတစ်လုံးမှာဘယ်နေရာတွေမှာဘာဗို့ တွေရောက်လဲလို့ မေးထားတာတွေ့ လို့ ပါ။
ဘယ်နေရာတွေဗို့ ရောက်လဲဆိုတာတော့အတိအကျပြောဖို့ နဲနဲခက်ပါတယ်၊အကြမ်းအားဖြင့်တော့၊ ပါဝါအိုင်စီကနေအဓိကထုပ်ပေးတဲ့ဗို့ လိုင်းသုံးလိုင်းရှိပါတယ်၊
(၁) ၁.၂ဗို့  CPU
(၂) ၁.၈ဗို့ ၊၂.၅ဗို့  eMMc
(၃) ၃.၃ဗို့  RF ပိုင်း
ဒါကအကြမ်းဖျဉ်းပြောတာပါ။တစ်ချို့ ဖုန်းတွေမှာ ပါဝါအိုင်စီနှစ်လုံးနဲ့တွေ့ ရပါတယ်။
တစ်လုံးပဲဖြစ်ဖြစ်နှစ်လုံးဖြစ်ဖြစ် ဖုန်းတွေမှာပါတဲ့အိုင်စီအများစုရဲ့ working voltage က
၁.၁ဗို့ နဲ့၃.၃ဗို့ ကြားမှာရှိကြပါတယ်။diagram တွေများများလေ့လာရင် ဘယ်အိုင်စီ
မှာဘယ်လောက်ဗို့ တွေရှိတယ်ဆိုတာသိလာမှာပါ။စာတွေ့ ရောလက်တွေ့ ပါများလာရင်
error တစ်ခုခုတွေ့ ရင်ဗို့ တိုင်းကြည့်တာကိုအလေ.အကျင့်ရသွားမှာပါ။ဗို့ တိုင်းတတ်
သွားရင်လဲလမ်းကြောင်းလိုက်မှားတာတွေနည်းသွားမှာပါ။ဗို့ မရောက်လို့ ဖြစ်နေတဲ့
error တစ်ခုကိုအိုင်စီဖြုတ်လဲရင်ကောင်းနိင်မှာမဟုတ်ပါဘူး။ကြိုးကျော်ပေးတာကမှ
ပိုနည်းစပ်နိင်ပါသေးတယ်။ဗို့ နဲ့ ပတ်သက်လို့ ထူးခြားတာတစ်ခုက backlight volt
ပါ။ ၄.၅ဗို့ ၊၁၅ဗို့ ၊၂၁ဗို့ ထိရှိတတ်ပါတယ်။ဒါကလဲအသုံးပြုတဲ့ lcd ပေါ်မှာမူတည်ပါတယ်၊
huawei ဖုန်းတွေတော်တော်များကတော့၁၅ဗို့ နဲ့ ၂၁ဗို့ တွေသုံးကြပါတယ်၊ lcd တွေ
နောက်မှာ အလင်းထုတ်ပေးတဲ့ led မီးလုံးလေးတွေရှိပါတယ်၊ led လေးတစ်လုံးလင်းဖို့ 
၁.၅ဗို့ လိုအပ်ပါတယ်၊led လေးလုံးပါရင်၁၅ဗို့ လောက်သုံးပြီး၊ခြောက်လုံးလောက်ပါရင်
၂၁ဗို့ လောက်သုံးကြပါတယ်။led တွေကိုတန်းဆက်ဆက်ထားရင် ဗို့ များများသုံးပြီး
အမ်ပီယာနဲတဲ့အတွက် battery အသုံးပိုကြာကြာခံပါတယ်။ ပြိုင်ဆက်ဆက်ထားရင်တော့ဗို့ နဲနဲပဲသုံးပြီး battery တော့ပိုစားပါတယ်၊
SAMSUNG LCD တွေကတော့ Oled နည်းပညာကိုအသုံးပြုတဲ့အတွက် ၄ဗို့ လောက်နဲ့ ပဲအလုပ်လုပ်ကြပါတယ်။

Ko Aung back light volt တွေတစ်ခုနဲ့ တစ်ခုမတူကြတာက lcd panel ထဲမှာရှိတဲ့
led မီးလုံးလေးတွေရဲ့ မတူညီတဲ့တည်ဆောက်မှုကြောင့်ပါ။ led တစ်လုံးလင်းနိင်ဖို့ 
dc/ac 3.5v လိုအပ်ပါတယ်။ တစ်ကယ်လို့  led လေးလုံးကိုတန်းဆက် ဆက်ထားတဲ့
ပတ်လမ်းအတွက်ဆို 15v လောက်လိုအပ်ပါတယ်။တကယ်လို့  led တွေကို ပြိုင်ဆက်
ဆက်ထားမယ်ဆိုရင်တော့ 4v နဲ့ လုံလောက်ပါတယ်။အဖြေကတော့ တန်းဆက်နဲ့ ပြိုင်
ဆက်ကြောင့်ပါ။

Credit to >>> Ko Aung
https://www.facebook.com/ko.aung.1485
Comments
Post a Comment