မီတာတိုင်းနည်းလေး


မီတာတိုင်းနည်းလေးဆက်တင်ပေးလိုက်ပါတယ်-Smd resistor လေးတွေကပတ်လမ်းပေါ်မှာအမဲရောင်အတုံးသေးသေးလေးတွေပါ။digital meter
 ရှိတဲ့သူတွေကတော့ ohm စကေးမှာထားပြီးတိုင်းလို့ ရပါတယ်။ရိုးရိုးမီတာဆိုရင်တော့ohm စကေးကို
လိုအပ်သလိုချိန်ညှိပြီးတိုင်းနိင်ပါတယ်၊resistor လေးတွေမှာကုပ်နံပါတ်လေးတွေရေးထားတတ်ပါတယ်၊
Diode မှာဆိုရင်လဲအပေါင်းဖက်အခြမ်းကိုအဖြူရစ်ကလေးနဲ့ ဖြစ်ဖြစ်၊မျဉ်းကြောင်းလေးတွေနဲ့ ဖြစ်ဖြစ်
ခွဲခြားပေးထားပါတယ်။တစ်ခုရှိတာက zener diode နဲ့ resistor ကအရောင်တူနေတတ်ပါတယ်။များ
သောအားဖြင့် resistor လေးတွေကအရွယ်ပိုမိုသေးငယ်ပါတယ်။zenzer diode ကမီတာနဲ့ တိုင်းရင်
တစ်ဖက်ပဲပြပြီး resistor ကတော့ နှစ်ဖက်စလုံးမှာတူညီတဲ့မျှားတံလေးပြနေမှာပါ။
Coil လေးတွေကိုတော့ပုံမှန်တိုင်းနေကြအတိုင်းပဲတိုင်းလို့ ရပါတယ်။မီတာမှာပြရင်အကြမ်းအားဖြင့်
ကောင်းတယ်လို့ ယူဆနိင်ပါတယ်။အိုင်စီတွေကိုတော့ဘာမီတာနဲ့ မှကောင်းမကောင်းတိုင်းကြည့်လို့ 
မသိနိင်ပါဘူး။သူ့ မှာtransisror,resistor,capacitor, လေးတွေကိုပေါင်းစပ်ပြီး BGA package အနေနဲ့ 
ဖွဲ့ စည်းထားတာပါ။
Crystal တွေကိုတော့ digital meter မှာ HZ% ပါရင်တိုင်းလို့ ၇ပါတယ်။အတိအကျမဟုတ်တောင်
Crystal အလုပ် မလုပ်ရင် hz ထွက်မထွက်တိုင်းကြည့်နိင်ပါတယ်။ပတ်လမ်းကိုဗို့ ကြွေးထားဖို့ တော့လိုအပ်ပါတယ်။ hz ဆိုတာကတော့တစ်စက္ကန့် 
မှာ circle တစ်ခုအပြည့်လွဲတဲ့နှုန်းပါ။ကျွန်တော်တို့ ရဲ့ epc ကလွတ်ပေးထားတဲ့ကြိမ်နှုန်းဟာ
50HZ ပါ။ ဖုန်းထဲပါဝင်တဲ့ CPU,Bluetooth,Wifi,Network ic တွေမှာသက်ဆိုင်ရာကြိမ်နှုန်းတွေ
အသီးသီးရှိကြပါတယ်။အရမ်းမြင့်တဲ့ကြိမ်နှုန်းတွေနဲ့  RF ကြိမ်နှုန်းတွေပါဝင်တဲ့အတွက်ကလေးငယ်
တွေကိုဖုန်းအသုံးမပြုဖို့ တားမြစ်တဲ့ကြော်ငြာတွေရှိပါတယ်၊သူ့ ဘေးမှာကျွန်တော်တို့ မျက်စိနဲ့ 
မမြင်နိင်တဲ့လျှပ်စစ်သံလိုက်စက်ကွင်းတွေဖြစ်နေတတ်လို့ ပါ။နောက်ပြီး GAS အိုးဖွင့်သုံးနေတဲ့
အချိန်မျိုးမှာလုံးဝဖုန်းမသုံးသင့်ပါဘူး။
လက်ရှိ power supply ၀ယ်ထားတဲ့သူတွေကတော့တန်ဖိုးနဲတဲ့ keypad ဖုန်းအစုပ်လေးတွေနဲ့ 
အရင်လေ့ကျင့်ပေါ့၊တကယ်တန်းပြင်တဲ့ဖုန်းကိုပြင်မှတုန်တုန်ချိချိဖြစ်နေရင် ကိုယ့်ကိုကိုယ်လဲ
ယုံကြည်မှုပျောက်ပါတယ်၊သင်တန်းတွေမှာလဲဒီလိုပဲလေ့ကျင့်ကြရတာပါ၊စတက်တာနဲ့  emmc ချက်ခြင်း
လဲနိင်ဖို့ ဆိုတာမဖြစ်နိင်ပါဘူး၊ဒီအဆင့်ရောက်ဖို့ ဆိုတာနှစ်နဲ့ ချီပြီးလေ့ကျင့်ကြရတာပါ။လက်တွေ့ မှာ
Emmc မလဲနိင်လို့ စိတ်ဓါတ်ကျစရာမလိုပါဘူး၊သူကအမြဲဖြစ်နေတဲ့ကိစ္စတော့မဟုတ်ဘူး၊ဒါပေမယ့်
လုပ်နိင်ရင်တော့အကောင်းဆုံးပေါ့ဗျာ။ power ပိုင်းလောက်ပိုင်ပိုင်နိင်နိင်ပြင်နိင်ရင်လုပ်စားလို့ ရနေပါပြီ။
ကျွန်တော်သိသလောက်ပြောရရင် power ပိုင်းမှာအဓိကစစ်ရမှာ zener diode ပါ၊သူရှော့ကျရင်
Supply နဲ့ ချိပ်လိုက်တာနဲ့ အမ်ပီယာအဆုံးထိတက်ပြီး၊power ထိုးကျသွားပါတယ်။ကိုယ်သိပြီး
သားအလုံးဆိုရင်တော့ချက်ခြင်းဖြုတ်လိုက်ယုံပေါ့၊တကယ်လို့ နေရာမသိတဲ့အလုံးဆိုရင်တော့
Supply ကို 0 volt ထိလျှော့ချပြီးပတ်လမ်းနဲ့ ချိတ်လိုက်ပါ။ဗို့ ကိုတစ်ဖြည်းဖြည်းတင်ကြည့်လိုက်ရင်
Diode လေးပူနေတာကိုစမ်းကြည့်နိင်ပါပြီ။ diode ကိုဖြုတ်ပြီးတဲ့အထိရှော့ရှိနေသေးရင်ခုနလိုပဲ
ပြန်စမ်းကြည့်ပါ။ရှော့ဖြစ်နေတဲ့အရာလေးတွေဟာသိသိသာသာပူနေတတ်ပါတယ်။
Battery ရဲ့အပေါင်းငုတ်ကနေလိုက်ကြည့်လိုက်ရင်၊ power ic, wifi ic, back light ic တွေဟာ
တိုက်ရိုက် အပေါင်းဗို့ ရောက်နေတဲ့နေရာတွေပါ။power ပိုင်းအားလုံးကောင်းပြီးခုနကအပိုင်းတွေ
မှာရှော့ရှိရင်လဲ power သေနေမှာပါ။ diagram လေးတွေများများလေ့လာရင်သဘောပေါက်
လာမှာပါ။power ပိုင်းနဲ့ ပတ်သက်ပြီးဆရာစိုင်းရေးထားတဲ့ pdf လေးရှိပါတယ်၊အရမ်းကိုကောင်း
တဲ့ရှင်းပြချက်လေးပါ၊group မှာကျွန်တော်တင်ပေးထားပါတယ်။



Ko Aung
May 17

Credit to >>> Ko Aung
https://www.facebook.com/ko.aung.1485

Comments

Post a Comment

Popular posts from this blog

ဖုန်းတစ်လုံးပါဝါမလာရင် No Power

HUAWEI G730 Standby shock error

HUAWEI G730 တွေ TOUCH ဆွဲလို့ မ၇တဲ့ error