About Android

ကျွန်တော်တို့ နေ့ စဉ်နဲ့ အမျှကြုံတွေ့ နေရတာတော့ Android ဖုန်း
တွေပဲအများဆုံးဖြစ်မှာပါ။ Hardware ပိုင်းကဖြစ်လိုက်၊ Software ပိုင်းကဖြစ်လိုက်နဲ့ 
တစ်ရက်တစ်မျိုးခေါင်းစားနေရတာအားလုံးသိကြတဲ့အတိုင်းပါပဲ။
နည်းပညာအရကျွန်တော်တို့ ကိုဒုက္ခပေးတေဲ့ Android ရဲ့အကြောင်းကို
ကျွန်တော်လေ့လာမိသလောက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Android အကြောင်းပြောရင် Linux ကမပါရင်မပြီးဘူးဗျ။ဘာဖြစ်လို့ လဲဆိုတော့
Linux ရဲ့ platform ကိုAndroid ကအခြေခံထားတာကြောင့်ပါ။
Linux ဆိုတာတကယ်တော့ အဲဒီ OS (operation system) ကိုတည်ထွင်ခဲ့တဲ့
Developer တစ်ယောက်ရဲ့နာမည်ဗျ။သူက Helsinki တက္ကသိုလ်က Linux Torvalds ဆိုတဲ့ ကွန်ပြူတာကျောင်းသားတစ်ဦးပါ။သူ့ ရဲ့နာမည်ကိုအစွဲပြုပြီး Linux os ဆိုပြီး
ခေါ်လာကြတာဒီနေ့ အထိပါပဲ။
2007 ခုနိုဝင်ဘာ 6 ၇က်နေ့ မှာ Google ကဦးဆောင်ပြီး၊ Open Handset Alliance (OHA)
ကိုစတင်ဖွဲ့ စည်းခဲ့ပါတယ်။အဖွဲ့ ဝင်တွေကတောGoogle, HTC, Sony, Dell, Intel, Motorola, Qualcomm, Texas Instruments, Samsung Electronics, LG Electronics, T-Mobile, Sprint Corporation, Nvidia,
နဲ့ Application developers အပါအ၀င် ၄၇ ဦးနဲ့ စတင်ဖွဲ့ စည်းခဲ့ပါတယ်။
Google ကသူရဲ့မူပိုင် os အဖြစ် google nexus ကိုတရားဝင်ထုတ်ပြန်ပြီး
Android system ကိုတော့အခမဲ့အသုံးပြုခွင့်ပေးခဲ့ပါတယ်။
Android ဖုန်းတွေရဲ့ပထမဦးဆုံးဖုန်းကိုတော့ 2008 အောက်တိုဘာ 22 ရက်နေ့ မှာ htc က
Linux kernel version 2.6.25 ရဲ့ platform ကို
အခြေခံပြီးရေးဆွဲထားတဲ့ htc one android ဖုန်းကိုစတင်မိတ်ဆက်ပေးနိင်ခဲ့ပါတယ်။
2010 မှာတော့ google ရဲ့ Nexus series ဆိုပြီးထွက်ပေါ်လာတာဒီနေ့ ထိဆို 
Nexus 7 ထိရောက်ရှိခဲ့ပါပြီ။
Samsung,sony,lg, အစရှိတဲ့အဖွဲ့ အစည်းတွေမှာလဲအောင်မြင်မှုအသီးသီး
ရခဲ့ကြတာ 
လက်ရှိမှာတော့ Smart Phone လောကရဲ့ 70%ကို android ကပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
ဒါကတော့ android ရဲ့ဖြစ်တည်လာမှုနဲ့ ပတ်သက်ပြီးမသိသေးတဲ့ညီငယ်လေးတွေ
ဗဟုသုတအနေနဲ့ ပြောပြတာပါ။
Android os မှာအဓိကအကြဆုံးကတော့ kernel လို့ ခေါ်တဲ့ hardware နဲ့ system ပိုင်းကို
ချိတ်ဆက်ပေးတဲ့အပိုင်းပါ။ ကွန်ပြူတာတွေမှာဆိုရင် system32 လိုပေါ့။
Linux ရဲ့မူရင်းပုံသဏ္ဍန်က open source code ဖြစ်ပေမယ့်
ဖုန်းထုပ်လုပ်တဲ့သူတွေက system ထဲကိုဝင်ရောက်ပြင်ဆင်တာကိုခွင့်မပြုချင်ကြဘူး။
ဒါကြောင့် နည်းအမျိုးမျိုးနဲ့ တားဆီးကာကွယ်ကြတယ်။
Os တစ်ခုစတင်လည်ပတ်ပြီဆိုတာနဲ့ ဖုန်းထုတ်လုပ်သူတွေဟာသူတို့ ရဲ့
Logo ကိုအရင်ပေါ်အောင်လုပ်ကြပါတယ်၊အဲဒါကို boot လို့ ခေါ်တယ်။
Boot>> boot loader>>system>>ram>>တဆင့်ချင်းအလုပ်လုပ်သွားတာပါ။
ပါဝါဖွင့်လိုက်လို့ system ပိုင်းမှာ error တစ်ခုခုရှိနေရင်boot loader ကဆက်မတက်
နိင်တော့ပဲ logo မှာတ၀ဲလည်လည်ဖြစ်နေတာမျိုးကြုံဖူးမှာပါ။
ဒါဟာ software error လို့ ပုံသေပြောလို့ မရပါဘူး၊ boot အပိုင်းလောက်ပဲ
အလုပ်လုပ်တဲ့အချိန်မျိုးမှာpower သုံးစွဲမှုအနဲငယ်ပဲလိုပြီး system ထဲထိ
ရောက်ဖို့ ကြတော့ power သုံးစွဲမှုကအပြည့်အ၀လိုအပ်ပါတယ်။
ဒီအခြေအနေမျိုးမှာ hardware error ကြောင့်လိုအပ်တဲ့ဗို့ ပမာဏမရရင်
System ထဲထိမချိတ်ဆက်နိင်တော့ပါဘူး။တကယ်လို့  hardware ပိုင်း
Error ကင်းတယ်ဆိုရင်တော့ boot looping ဖြစ်တယ်လို့ ခေါ်ပါတယ်။ဒီလိုဖြစ်ရ
ခြင်းအကြောင်း(၂)ချက်ရှိပါတယ်။
(1) User အနေနဲ့ ဖုန်းကိုအသုံးပြုတာများရင်၊ဥပမာ game,app,အစရှိတဲ့
Application တွေအသုံးများရင် cache memory မှာအမှိုက်ဖိုင် တွေနဲ့ ပြည့်သွားပြီး
System ပိုင်းအတွက် randon ass မလောက်ငတော့တဲ့အတွက် boot ဆက်
မတက်နိင်တော့ပါဘူး။
(2) တစ်ခါတစ်ရံမှာ root ဖောက်တဲ့ software တွေရယ်၊ system ပိုင်းမှာ
ထည့်သွင်းအသုံးပြုတဲ့ app တွေကြောင့်
Error တက်ပြီး boot မတက်နိင်တာမျိုးလဲရှိပါတယ်။
ပထမတစ်ချက်လို ဖြစ်တဲ့ error က factory data reset ချပေးလိုက်ရင်ပြန်
ကောင်းသွားနိင်ပါတယ်။ဒုတိယတစ်ချက်လိုဖြစ်ရင်တော့ firmware ပြန်ရေးမှပဲ
ကောင်းနိင်တော့မှာပါ။
Firmware ရေးတယ်ဆိုတာလဲရှိပြီးသား ကိုပြန်တင်ကြတာပါ။
Android os တစ်ခုမှာဒီလောက်အထိစာကြောင်းတွေပါတယ်တဲ့ဗျား
12 million lines of code
3 milling lines of XML
2.8 milling lines of C
2.1 milling lines of java
1.75 milling lines of C ++
Firmware ပြန်ရေးနိင်တယ်ဆိုတဲ့သူတွေကိုတော့တကယ်ချီးကြူးတယ်ဗျာ။
ကျွန်တော်တော့တစ်ကြောင်းမှမရေးတတ်ဘူး။




Credit to >>> Ko Aung
https://www.facebook.com/ko.aung.1485

Post Link
https://www.facebook.com/groups/858425907517574/permalink/865915866768578/

Comments

Popular posts from this blog

ဖုန်းတစ်လုံးပါဝါမလာရင် No Power

HUAWEI G730 Standby shock error

HUAWEI G730 တွေ TOUCH ဆွဲလို့ မ၇တဲ့ error