Bootloader (htc)

ကျွန်တော်တို့  IOS ဖုန်းတွေအသုံးပြုဖို့  apple id လုပ်ခဲ့ကြသလို့ပဲ၊ htc ဖုန်းတွေ
root လုပ်ဖို့ အတွက် http://www.htcdev.com/ မှာ register account တစ်ခုဦးစွာ
ပြုလုပ်ထား၇ပါတယ်။ apple id လောက်ခက်ခဲမှုမရှိတဲ့အတွက်ကျော်သွားလိုက်
ပါမယ်။ပုံမှာမြင်တွေ့ ရတာတော့၊htc ဖုန်းတစ်လုံးမှာ cwm သွင်းမယ်ဆိုရင်ဆက်
စပ်နေတဲ့ bootloader အပိုင်းကို ကျွန်တော်လေ့လာမိသလောက်မသိသေးတဲ့ညီ
ငယ်လေးတွေလေ့လာရအောင်ဆွဲထားတာပါ။လိုအပ်ချက်တွေရှိရင်ကျွန်တော်
ရဲ့အားနည်းချက်ကြောင့်ဖြစ်ရတဲ့အတွက်ဆရာသမားများကခွင့်လွတ်နားလည်ပေး
ဖို့ ပြောပါရစေ။ android ဖုန်းတွေမှာ root access ရဖို့ နည်းလမ်းတွေတော်တော်
များပါတယ်။လူသုံးများတာကတော့ one click root tool တွေဖြစ်တဲ့ v-root တို့ 
root master တို့ လို software တွေပေါ့၊ နောက်တစ်မျိုးက cwm တင်ပြီး root
ရယူနည်း၊ နောက်တစ်ခုက kernel update လုပ်နည်းတွေပေါ့၊ဒီအထဲမှာ
cwm သွင်းတဲ့နည်းကတော့အမှားအယွင်းအနဲဆုံးနည်းပဲဖြစ်ပါတယ်။
htc ဖုန်းတွေမှာ cwm သွင်းဖို့ အရင်ဆုံး boot loader ကို unlock လုပ်ထားဖို့ လို
ပါတယ်။အဲဒီမှာအဆင့်ခြောက်ဆင့်လောက်တော့လုပ်ယူရပါတယ်။
အရင်ဆုံးမိမိရဲ့ကွန်ပြူတာမှာ htc driver- နဲ့  adb exe file လေးတွေအရင်ထည့်ပေးထားရပါမယ်။လိုအပ်ရင် --download link ဒီမှာဒေါင်း
ထားလိုက်ပါ။လိုအပ်တဲ့ driver တွေရပြီဆိုရင်တော့---http://www.htcdev.com/
မှာ sign in ၀င်ပြီးပုံမှာပြထားတဲ့ သော့ပုံနဲ့ အကွက်လေးကိုရွေးပေးလိုက်ပါ။
get started မှာရွေးပြီး all other supported models ကိုနှိပ်ပြီး begin unlock
boot loader ကိုရွေးပေးလိုက်ပါ။အဲဒါဆိုရင်တော့ warranty ပျက်တာကိုသဘောတူ
ကြောင်း yes ကိုနှိပ်လိုက်ပါ။ဆက်လက်ပြီးတော့ htc terms အရပျက်ပျယ်သွားမဲ့
ဟာတွေကိုသဘောတူကြောင်းအမှန်နှစ်ခုလုံးခြစ်ပေးရပါမယ်။ဒီအဆင့်ပြီးရင်တော့
fastboot mode ၀င်ရန် vol down + power တွဲနှိပ်ပေးရပါတယ်၊ adb command
နဲ့ လဲဝင်နိင်ပါတယ်။ adb reboot bootloader လို့ ရိုက်ပေးရပါတယ်။
fastboot mode ထဲရောက်ပြီဆိုရင် fastboot oem get_identifire_token ဆိုပြီးရိုက်
ပေးရပါတယ်၊အဲဒါဆိုရင် oem နဲ့ ပတ်သက်တဲ့ info code တွေချပေးပါတယ်။
အဲဒီ code တွေကို select မှတ်ပြီး copy ယူပါ၊ပြီးရင်တော့ခုနက website ကိုပြန်သွား
ပြီး my device iden--- token အကွက်မှာ copy ယူထားတဲ့ code တွေကို paste
လုပ်ပေးလိုက်ပါ၊ပြီးရင် submit နှိပ်ပြီးထွက်လိုက်ပါ၊ခနကြာရင် မိမိ gmail ထဲကို
htc ကပို့ ထားတဲ့ bootloader unlock bin file လေးတစ်ခုရောက်လာပါမယ်။
အဲဒီဖိုင်လေးကိုဒေါင်းလုပ်ဆွဲပြီး adb exe folder ရဲ့အောက်မှာထည့်ပေးလိုက်ပါ။
ပြီးရင် adb fastboot flash unlocktoken unlockcode.bin ဟုရိုက်ထည့်ပေးလိုက်ပါ
fastboot reboot ၇ိုက်ပေးပြီး reboot ပြန်တက်သွားရင်တော့ unlock ကိစ္စပြီးပါပြီ။
cwm အတွက်ကတော့ fastboot mode ၀င်ပြီးသက်ဆိုင်ရာဖုန်းရဲ့ link တွေကနေ ဒေါင်းရပါတယ်။ရလာတဲ့
rar file ကို adb exe ရဲ့အောက်မှာထည့်ပြီး fastboot fresh recovery img rar ဟု
၇ိုက်ပေးလိုက်ရင်အဆင်ပြေပါပြီ။
cwm သွင်းပြီးရင်တော့ ဒေါင်းထားတဲ့ root zip file ကို sd ကပ်ထဲထည့်ပြီး
install zip from sd card >>choose zip from sd card >>ရွေးပြီး
ဒေါင်းထားတဲ့ ဖိုင်ကိုရွေးပြီး yes နှိပ်ပေးလိုက်ရင် root access ရရှိပါပြီ။
ဒီလောက်ဆိုအဆင်ပြေပါပြီနော်။



Ko Aung
May 29
Credit to >>> Ko Aung
https://www.facebook.com/ko.aung.1485

Comments

  1. တန်ဖိုးမဖြတ်နိုင်သော post တွေပါ။ အရမ်းကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete

Post a Comment

Popular posts from this blog

ဖုန်းတစ်လုံးပါဝါမလာရင် No Power

HUAWEI G730 Standby shock error

HUAWEI G730 တွေ TOUCH ဆွဲလို့ မ၇တဲ့ error