Huawei Bluetooth
Huawei တွေမှာအသုံးများတဲ့ blue tooth ic လေးပါ။- BCM4329F--ဒီ ic တွေမှာ
control အ၀င်ငုတ် ၈ခုပါဝင်ပါတယ်။အများဆုံးတော့ ၃ ခုလောက်ပဲသုံးကြပါတယ်။
ဒီကောင်လေးရဲ့ version ကတော့ 2.1 အထိ support လုပ်ပေးပါတယ်။သူနဲ့ တွဲဖက်ပြီး
အလုပ်လုပ်ပေးတာကတော့ 37.4 MHZ crystal လေးပါ။ ထူးခြားတာတစ်ခုကဒီအိုင်စီ
လေးဟာ Touch မှန် နဲ့ ဆက်စပ်မှုရှိနေတာပါ။တစ်ခါတစ်ရံမှာ touch ကိုလုံးဝမထိပေမယ့်သူ့ ဘာသူ လိုက်ရွှေ့ နေတဲ့ error မျိုးကြုံဖူးကြမှာပါ၊အဲဒီလိုဖြစ်ရင်
ဒီအိုင်စီပတ်းလမ်းတစ်ဝှက်ကိုသန့် ရှင်းရေးလုပ်ပေးရင်ပြန်ကောင်းသွားပါတယ်။ touch
မှန်အလုပ်မလုပ်ရင်လဲဒီနားတစ်ဝှက်ကိုပဲအပူလေးပေးကြည့် components လေးတွေစစ်ကြည့်ရင်ရသွားတတ်ပါတယ်။နောက်တစ်ခုက FM လိုင်းတွေကိုလဲဒီအိုင်စီလေးကပဲဖမ်းယူပေးတာပါ။ ဖုန်းတွေမှာက RF ကိုပဲအဓိက
ထားသုံးတဲ့အတွက် FM ပိုင်းကို တော့ blue tooth device တွေနဲ့ ချိတ်ဆက်မှပဲ
သုံးကြပါတယ်။ဒီအိုင်စီလေးကို i phone 4မှာသုံးထားတာလဲတွေ့ ရပါတယ်။

- Get link
- X
- Other Apps

Comments
Post a Comment