SDS (Sudden Death Syndrome)

SDS (Sudden Death Syndrome) လို့ ပြောလိုက်တာနဲ့  samsung ဆရာကြီးတွေကသိပြီးသားဖြစ်ပါတယ်၊ဒါပေမယ့်မသိသေးတဲ့ညီငယ်တွေအတွက်
ရည်ရွယ်ပြီးရေးလိုက်တာပါ။ samsung s3,note2 တို့ မှာအများဆုံးဖြစ်လေ့ရှိတဲ့
အလိုလိုနေရင်းပါဝါသေတဲ့ပြသနာပါ။အဲဒီ model တွေမှာသုံးထားတဲ့ CPU နဲ့  EMMC
ပြီးတော့ 4.0.4,4.1.1,rom အဲဒီအချက်တွေကဆက်စပ်မှုရှိပါတယ်။ emmc ထဲမှာရှိတဲ့
flash ram အလွှာလေးတွေထဲက boot loader အပိုင်းကို cpu က os error ကြောင့်
မှားယွင်းပြီး format ရိုက်ပေးလိုက်ပါတယ်။ boot loader အပိုင်းပျက်သွားပြီဆိုတော့
ဆက်ပြီးတက်လာစရာလဲအကြောင်းမရှိတော့ဘူးပေါ့၊ hardware သမားကတော့
emmc ဖြုတ်လဲလိုက်တာပေါ့၊ကျွမ်းကျင်တဲ့သူဆိုရင်နာရီဝက်ဆိုပြီးရော။ s3 ပေါ်ခါစဆို
sds ဖြစ်ရင် 150000 လောက်ကိုပေးပြီးပြင်ကြရတယ်၊ software နဲ့ လဲကုလို့ တော့ရပါတယ်။လိုအပ်တာတွေကသက်ဆိုင်ရာ bootloader လိုတယ်။
download mode ၀င်ဖို့  usb jig လိုတယ်။usb jig ပြုလုပ်ပုံတော့ကျွန်တော်တစ်နေ့ က
တင်ပေးထားပါတယ်။ odin ကိုပဲသုံးမှာပါ။ bootloader .tar file ကိုတော့ဖုန်းအကောင်း
တစ်လုံးကနေပြန်ထုတ်ယူလို့ လဲရပါတယ်။ sd ကပ်ကောင်းကောင်း 4gb တစ်ခုလိုပါတယ်။ odin မှာပါတဲ့၊ T-Flash,Flash-Lock, နေရာလေးမှာအမှန်ခြစ်ပေးရမှာပါ။ဖုန်းကို odin နဲ့ ချိတ်ပြီး
bootloader tar file လေးကို pda မှာ run ပေးယုံပါပဲ။ဒီနည်းကတော့ ဖုန်းအကောင်းတစ်လုံးရှိမှအဆင်ပြေမယ့်နည်းပါ။နောက်တစ်နည်းကတော့
internet ကနေလိုအပ်တဲ့ file လေးတွေဒေါင်းရပါမယ်။ခဏတော့စောင့်ပေးပါ
လိုပ်တဲ့ file တွေကိုစုပြီး drop box ကနေတင်ပေးပါမယ်။လုပ်နည်းလဲတင်ပေးသွားမှာပါ။အခုလောလောဆယ်တော့
SDS မဖြစ်အောင်ကြိုတင်ကာကွယ်လို့ ၇တဲ့နည်းလေးတင်ပေးလိုက်ပါတယ်။
ဒီ APK လေးကိုဖုန်းထဲထည့်ပြီးစစ်ကြည့်လို့ ၇ပါတယ်။xxhttps://play.google.com/store/apps/details?id=net.vinagre.android.emmc_check&hl=en
အဲဒီ APK လေးကမိမိဖုန်းမှာသုံးထားတဲ့၊ cpu,emmc, rom တွေကိုစစ်ပြီး sds ဖြစ်နိင်မဖြစ်နိင် တွက်ချက်ပေးပါမယ်။
တကယ်လို့ မိမိဖုန်းဟာ os version 4.0.4,4.1.1, ဖြစ်နေရင်၊ 4.1.2,4.2 နဲ့ အထက်ကိုမြန်မြန်တင်ပေးဖို့ လိုပါတယ်။အဲဒီလို firmware update လုပ်ပြီးရင်တော့
sds မဖြစ်နိင်တော့ပါဘူး။
အားလုံးပဲအဆင်ပြေနိင်ကြပါစေ။


Ko Aung
May 29


Credit to >>> Ko Aung
https://www.facebook.com/ko.aung.1485

Comments

  1. ခုလိုမျိုး များများတင်နိုင်ပါစေ

    ReplyDelete
  2. ကျေးဇူးလည်းအရမ်းတင်ပါတယ် ကျွန်တော်က ပြင်ဦးလွင်ကပါ emmc တွေလဲရပါပြီ ဒါပေမယ့် အခြေခံဖြစ်တဲ့ ပတ်လမ်းပိုင်းတို့ မီတာတိုင်းနည်းတို့ ဘာမှမသိပါဘူး

    ReplyDelete
  3. G730-c00 လေးတစ်လုံးလဲ ရေဝင် touch မရလို့ ရွှာလည်နေတာလဲ ကြာပါပြီ။နောက်တစ်လုံးကလည်းရေဝင်ထားတာပါပဲ သူကတော့ သူ့အလိုလိုပြန်ကောင်းသွားပါတယ်
    အဆင်ပြေရင် g730-c00နဲ့ပါတ်သက်တဲ့ errorလေးတွေ တင်ပေးပအအုံး

    ReplyDelete
  4. touch ပိုင်းကိုပြောတာပါနော်

    ReplyDelete

Post a Comment

Popular posts from this blog

ဖုန်းတစ်လုံးပါဝါမလာရင် No Power

HUAWEI G730 Standby shock error

HUAWEI G730 တွေ TOUCH ဆွဲလို့ မ၇တဲ့ error