Posts

Featured Post

HUAWEI G73-C00 bluescreen error

Image
HUAWEI G73-C00 တွေမှာအဖြစ်များတဲ့ bluescreen error ဖြစ်ရတဲ့အကြောင်းအရင်းလေးပါ။ ဖုန်းကို ပါဝါစပလိုင်းနဲ့ ချိတ်လိုက်ရင် ဒါရိုက်နိုးပြီး huawei logo ပေါ်လာတယ်၊ပြီးရင် အပြာပြင်ကြီးဖြစ်ပြီးရပ်နေပါတယ်။ အကောင်းတစ်လုံးမှာတိုင်းထားတဲ့ပုံအရ 2.5v နဲ့ 2.8v တွေပြောက်နေပါတယ်။ CPU နားက 1.2v ထွက်ရမယ့်နေရာမှာလဲဗို့ ပျောက်နေပါတယ်။ပါဝါအိုင်စီဖြုတ်လဲပြီး လိုအပ်တဲ့ဗို့ တွေပုံမှန်ရောက်သွားရင်ကောင်းသွားမှာပါ။ပြောချင်တာကအဲလိုဖြစ်ပြီး ရောက်လာရင် ပုံမှာပြထားတဲ့ဗို့ တွေရောက်မရောက်စစ်ကြည့်ဖို့ ပါ။တစ်ခြားအပိုင်းတွေအလိုက်မှားမှာစိုးလို့ ပါ။ Credit  to >>>>>>>>>>>>>   Ko Aung Post Link https://www.facebook.com/groups/858425907517574/permalink/915789565114541/

Basic

အခြေခံအဆင့်ကိုစလေ့လာမယ့်ညီငယ်တွေကိုတစ်ခုအကြံပေးချင်ပါတယ်။ကျွန်တော်တို့ လက်တွေ့ ဖုန်းပြင် ရတဲ့အချိန်မှာအခက်အခဲရှိတာက SMD လို့ ခေါ်တဲ့ surface mount device အရမ်းကိုသေးငယ်တဲ့ components လေးတွေကိုကိုင်တွယ်ရတဲ့အပိုင်းပါ။ SMD လေးတွေ၇ဲ့အလုပ်လုပ်ပုံနဲ့ သူတို့ ကောင်းမကောင်း စစ်ဆေးဖို့ အတွက်မီတာကိုအသုံးပြုတတ်ဖို့ ကလဲအရေးကြီးပါတယ်။အဲဒီတော့သေးသေးလေးတွေကို မမြင်မစမ်းနဲ့ တိုင်းနေမယ့်အစား TV တွေမှာသုံးတဲ့ spare parts ပစ္စည်းရောင်းတဲ့ဆိုင်မှာ Capacitor,diode,zener diode, led,transistor,resistor, အားလုံးကို 2000 ဖိုးလောက်ဆိုတော်တော်စုံစုံ ရပါပြီ။ပထမအဆင့်မှာခုလိုကိုင်တွယ်ပြီးတိုင်းလို့ ရတဲ့အနေအထားနဲ့ စပြီးလေ့လာသင့်တယ်။ (၁) capacitor ကိုတိုင်းမယ်ဆိုရင်မီတာကို x1k မှာထားပြီးငုတ်နှစ်ခုကိုအပြန်အလှန်တိုင်းကြည့်ပါ။ ဘယ်လိုတိုင်းတိုင်းမီတာတံလေးအနဲငယ်ပြပြီးပြန်ကျသွားရင်အဲဒီ capacitor ကောင်းပါတယ်၊တကယ်လို့  လုံးဝမပြတာပဲဖြစ်ဖြစ်၊မီတာအဆုံးထိပြတာမျိုးဆိုရင်အဲဒီ capacitor ပျက်စီးနေပါပြီ။ ဖုန်းတွေမှာပါတဲ့ SMD Capacitor လဲဒီအတိုင်းပဲတိုင်းရတာပါ၊တစ်ခုတော့ရှိတယ်၊ပတ်လမ်းပေါ်မှာတိုင်း ရင်သေခြာမှုမရှိတဲ့အတွက်ခဲဖြုတ်ပြီးတိုင်း

About Android

ကျွန်တော်တို့ နေ့ စဉ်နဲ့ အမျှကြုံတွေ့ နေရတာတော့ Android ဖုန်း တွေပဲအများဆုံးဖြစ်မှာပါ။ Hardware ပိုင်းကဖြစ်လိုက်၊ Software ပိုင်းကဖြစ်လိုက်နဲ့  တစ်ရက်တစ်မျိုးခေါင်းစားနေရတာအားလုံးသိကြတဲ့အတိုင်းပါပဲ။ နည်းပညာအရကျွန်တော်တို့ ကိုဒုက္ခပေးတေဲ့ Android ရဲ့အကြောင်းကို ကျွန်တော်လေ့လာမိသလောက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Android အကြောင်းပြောရင် Linux ကမပါရင်မပြီးဘူးဗျ။ဘာဖြစ်လို့ လဲဆိုတော့ Linux ရဲ့ platform ကိုAndroid ကအခြေခံထားတာကြောင့်ပါ။ Linux ဆိုတာတကယ်တော့ အဲဒီ OS (operation system) ကိုတည်ထွင်ခဲ့တဲ့ Developer တစ်ယောက်ရဲ့နာမည်ဗျ။သူက Helsinki တက္ကသိုလ်က Linux Torvalds ဆိုတဲ့ ကွန်ပြူတာကျောင်းသားတစ်ဦးပါ။သူ့ ရဲ့နာမည်ကိုအစွဲပြုပြီး Linux os ဆိုပြီး ခေါ်လာကြတာဒီနေ့ အထိပါပဲ။ 2007 ခုနိုဝင်ဘာ 6 ၇က်နေ့ မှာ Google ကဦးဆောင်ပြီး၊ Open Handset Alliance (OHA) ကိုစတင်ဖွဲ့ စည်းခဲ့ပါတယ်။အဖွဲ့ ဝင်တွေကတောGoogle, HTC, Sony, Dell, Intel, Motorola, Qualcomm, Texas Instruments, Samsung Electronics, LG Electronics, T-Mobile, Sprint Corporation, Nvidia, နဲ့ Application developers အပါအ၀င် ၄၇ ဦးနဲ့ စတင်ဖွဲ့ စည်းခဲ့ပါတယ်။ G

USB ဖြင့် download mode ၀င်တဲ့Jig လုပ်နည်း

Image
ကျွန်တော်မနေ့ က SAMSUNG download mode ၀င်တဲ့ jig လုပ်နည်းလေးတင်ပေးခဲ့ပါတယ်၊အားလုံးလဲလုပ်ကြည့်လို့ အဆင်ပြေမှာပါ။အခုထပ်ပြီုးKindle Fire e book တွေမှာမြန်မာဖောင့်သွင်းရင်း၊ boot lopping ဖြစ်သွားတဲ့အခါ  firmware ပြန်တင်ဖို့ download mode ၀င်ဖို့ မလွယ်ပါဘူး၊အကြောင်းကတော့ အဲဒီကောင်မှာခုလုပ်ဆိုလို့  power button တစ်ခုပဲပါလို့ ပါ။သူ့ ကိုလဲမနေ့ ကလိုပဲ့ hand made လေးလုပ်လို့ ရပါတယ်။သူကတော့ resistor 1kတစ်လုံးနဲ့ usb ခေါင်းအလွတ်တစ်ခုပဲလိုတာပါ။ smaung မှာကအနုတ်လိုင်းနဲ့  id လိုင်းကို130k နဲ့ ခွပြီးဆက်သွယ်တာပါ၊ဒီမှာကြတော့ အပေါင်းလိုင်းနဲ့  idလိုင်း ကို 1k တစ်လုံးခံပြီး id ဘက်အခြမ်းကိုခဲအသေဆော်လို့ မရပါဘူး၊ signalလေးတစ်ချက် တို့ ပေးလိုက်ရင် download mode ထဲရောက်သွားပါမယ်။ူLG တွေမှာလဲတစ်ခါတစ်၇ံ download mode ၀င်ပေးဖို့ လိုရင်ဒီနည်းနဲ့ ဖြေရှင်း နိင်ပါတယ်။LG မှာတော့ အနုတ်နဲ့ id ကို56k နဲ့ တပ်ပေးရပါတယ်။ MOTOROLA မှာဆို၇င် အပေါင်းလိုင်းနဲ့ ID ကိုဒါရိုက်ပေါင်းပေးယုံပါပဲ Sansung ဖုန်းတွေမှာ network unlock ဖြစ်တာကိုဖြေရှင်းတဲ့ z3x box တွေ၇ှိပါတယ်၊ ဈေးကြီးပြီးစပယ်ရာပတ်ဝယ်ဖို့ မလွယ်ပါဘူး၊အဲဒီကောင်တွေမှာဖုန်

မီတာတိုင်းနည်းလေး

မီတာတိုင်းနည်းလေးဆက်တင်ပေးလိုက်ပါတယ်-Smd resistor လေးတွေကပတ်လမ်းပေါ်မှာအမဲရောင်အတုံးသေးသေးလေးတွေပါ။digital meter  ရှိတဲ့သူတွေကတော့ ohm စကေးမှာထားပြီးတိုင်းလို့ ရပါတယ်။ရိုးရိုးမီတာဆိုရင်တော့ohm စကေးကို လိုအပ်သလိုချိန်ညှိပြီးတိုင်းနိင်ပါတယ်၊resistor လေးတွေမှာကုပ်နံပါတ်လေးတွေရေးထားတတ်ပါတယ်၊ Diode မှာဆိုရင်လဲအပေါင်းဖက်အခြမ်းကိုအဖြူရစ်ကလေးနဲ့ ဖြစ်ဖြစ်၊မျဉ်းကြောင်းလေးတွေနဲ့ ဖြစ်ဖြစ် ခွဲခြားပေးထားပါတယ်။တစ်ခုရှိတာက zener diode နဲ့ resistor ကအရောင်တူနေတတ်ပါတယ်။များ သောအားဖြင့် resistor လေးတွေကအရွယ်ပိုမိုသေးငယ်ပါတယ်။zenzer diode ကမီတာနဲ့ တိုင်းရင် တစ်ဖက်ပဲပြပြီး resistor ကတော့ နှစ်ဖက်စလုံးမှာတူညီတဲ့မျှားတံလေးပြနေမှာပါ။ Coil လေးတွေကိုတော့ပုံမှန်တိုင်းနေကြအတိုင်းပဲတိုင်းလို့ ရပါတယ်။မီတာမှာပြရင်အကြမ်းအားဖြင့် ကောင်းတယ်လို့ ယူဆနိင်ပါတယ်။အိုင်စီတွေကိုတော့ဘာမီတာနဲ့ မှကောင်းမကောင်းတိုင်းကြည့်လို့  မသိနိင်ပါဘူး။သူ့ မှာtransisror,resistor,capacitor, လေးတွေကိုပေါင်းစပ်ပြီး BGA package အနေနဲ့  ဖွဲ့ စည်းထားတာပါ။ Crystal တွေကိုတော့ digital meter မှာ HZ% ပါရင်တိုင်းလို့ ၇ပါတယ်။အတိအကျမဟုတ်တောင် Cry

SDS (Sudden Death Syndrome)

SDS (Sudden Death Syndrome) လို့ ပြောလိုက်တာနဲ့  samsung ဆရာကြီးတွေကသိပြီးသားဖြစ်ပါတယ်၊ဒါပေမယ့်မသိသေးတဲ့ညီငယ်တွေအတွက် ရည်ရွယ်ပြီးရေးလိုက်တာပါ။ samsung s3,note2 တို့ မှာအများဆုံးဖြစ်လေ့ရှိတဲ့ အလိုလိုနေရင်းပါဝါသေတဲ့ပြသနာပါ။အဲဒီ model တွေမှာသုံးထားတဲ့ CPU နဲ့  EMMC ပြီးတော့ 4.0.4,4.1.1,rom အဲဒီအချက်တွေကဆက်စပ်မှုရှိပါတယ်။ emmc ထဲမှာရှိတဲ့ flash ram အလွှာလေးတွေထဲက boot loader အပိုင်းကို cpu က os error ကြောင့် မှားယွင်းပြီး format ရိုက်ပေးလိုက်ပါတယ်။ boot loader အပိုင်းပျက်သွားပြီဆိုတော့ ဆက်ပြီးတက်လာစရာလဲအကြောင်းမရှိတော့ဘူးပေါ့၊ hardware သမားကတော့ emmc ဖြုတ်လဲလိုက်တာပေါ့၊ကျွမ်းကျင်တဲ့သူဆိုရင်နာရီဝက်ဆိုပြီးရော။ s3 ပေါ်ခါစဆို sds ဖြစ်ရင် 150000 လောက်ကိုပေးပြီးပြင်ကြရတယ်၊ software နဲ့ လဲကုလို့ တော့ရပါတယ်။လိုအပ်တာတွေကသက်ဆိုင်ရာ bootloader လိုတယ်။ download mode ၀င်ဖို့  usb jig လိုတယ်။usb jig ပြုလုပ်ပုံတော့ကျွန်တော်တစ်နေ့ က တင်ပေးထားပါတယ်။ odin ကိုပဲသုံးမှာပါ။ bootloader .tar file ကိုတော့ဖုန်းအကောင်း တစ်လုံးကနေပြန်ထုတ်ယူလို့ လဲရပါတယ်။ sd ကပ်ကောင်းကောင်း 4gb တစ်ခုလိုပါတယ်။ odin မှာပါတဲ့၊ T