Posts

Showing posts from August, 2014

HUAWEI G73-C00 bluescreen error

Image
HUAWEI G73-C00 တွေမှာအဖြစ်များတဲ့ bluescreen error ဖြစ်ရတဲ့အကြောင်းအရင်းလေးပါ။ ဖုန်းကို ပါဝါစပလိုင်းနဲ့ ချိတ်လိုက်ရင် ဒါရိုက်နိုးပြီး huawei logo ပေါ်လာတယ်၊ပြီးရင် အပြာပြင်ကြီးဖြစ်ပြီးရပ်နေပါတယ်။ အကောင်းတစ်လုံးမှာတိုင်းထားတဲ့ပုံအရ 2.5v နဲ့ 2.8v တွေပြောက်နေပါတယ်။ CPU နားက 1.2v ထွက်ရမယ့်နေရာမှာလဲဗို့ ပျောက်နေပါတယ်။ပါဝါအိုင်စီဖြုတ်လဲပြီး လိုအပ်တဲ့ဗို့ တွေပုံမှန်ရောက်သွားရင်ကောင်းသွားမှာပါ။ပြောချင်တာကအဲလိုဖြစ်ပြီး ရောက်လာရင် ပုံမှာပြထားတဲ့ဗို့ တွေရောက်မရောက်စစ်ကြည့်ဖို့ ပါ။တစ်ခြားအပိုင်းတွေအလိုက်မှားမှာစိုးလို့ ပါ။ Credit  to >>>>>>>>>>>>>   Ko Aung Post Link https://www.facebook.com/groups/858425907517574/permalink/915789565114541/

Basic

အခြေခံအဆင့်ကိုစလေ့လာမယ့်ညီငယ်တွေကိုတစ်ခုအကြံပေးချင်ပါတယ်။ကျွန်တော်တို့ လက်တွေ့ ဖုန်းပြင် ရတဲ့အချိန်မှာအခက်အခဲရှိတာက SMD လို့ ခေါ်တဲ့ surface mount device အရမ်းကိုသေးငယ်တဲ့ components လေးတွေကိုကိုင်တွယ်ရတဲ့အပိုင်းပါ။ SMD လေးတွေ၇ဲ့အလုပ်လုပ်ပုံနဲ့ သူတို့ ကောင်းမကောင်း စစ်ဆေးဖို့ အတွက်မီတာကိုအသုံးပြုတတ်ဖို့ ကလဲအရေးကြီးပါတယ်။အဲဒီတော့သေးသေးလေးတွေကို မမြင်မစမ်းနဲ့ တိုင်းနေမယ့်အစား TV တွေမှာသုံးတဲ့ spare parts ပစ္စည်းရောင်းတဲ့ဆိုင်မှာ Capacitor,diode,zener diode, led,transistor,resistor, အားလုံးကို 2000 ဖိုးလောက်ဆိုတော်တော်စုံစုံ ရပါပြီ။ပထမအဆင့်မှာခုလိုကိုင်တွယ်ပြီးတိုင်းလို့ ရတဲ့အနေအထားနဲ့ စပြီးလေ့လာသင့်တယ်။ (၁) capacitor ကိုတိုင်းမယ်ဆိုရင်မီတာကို x1k မှာထားပြီးငုတ်နှစ်ခုကိုအပြန်အလှန်တိုင်းကြည့်ပါ။ ဘယ်လိုတိုင်းတိုင်းမီတာတံလေးအနဲငယ်ပြပြီးပြန်ကျသွားရင်အဲဒီ capacitor ကောင်းပါတယ်၊တကယ်လို့  လုံးဝမပြတာပဲဖြစ်ဖြစ်၊မီတာအဆုံးထိပြတာမျိုးဆိုရင်အဲဒီ capacitor ပျက်စီးနေပါပြီ။ ဖုန်းတွေမှာပါတဲ့ SMD Capacitor လဲဒီအတိုင်းပဲတိုင်းရတာပါ၊တစ်ခုတော့ရှိတယ်၊ပတ်လမ်းပေါ်မှာတိုင်း ရင်သေခြာမှုမရှိတဲ့အတွက်ခဲဖြုတ်ပြီးတိုင်း

About Android

ကျွန်တော်တို့ နေ့ စဉ်နဲ့ အမျှကြုံတွေ့ နေရတာတော့ Android ဖုန်း တွေပဲအများဆုံးဖြစ်မှာပါ။ Hardware ပိုင်းကဖြစ်လိုက်၊ Software ပိုင်းကဖြစ်လိုက်နဲ့  တစ်ရက်တစ်မျိုးခေါင်းစားနေရတာအားလုံးသိကြတဲ့အတိုင်းပါပဲ။ နည်းပညာအရကျွန်တော်တို့ ကိုဒုက္ခပေးတေဲ့ Android ရဲ့အကြောင်းကို ကျွန်တော်လေ့လာမိသလောက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Android အကြောင်းပြောရင် Linux ကမပါရင်မပြီးဘူးဗျ။ဘာဖြစ်လို့ လဲဆိုတော့ Linux ရဲ့ platform ကိုAndroid ကအခြေခံထားတာကြောင့်ပါ။ Linux ဆိုတာတကယ်တော့ အဲဒီ OS (operation system) ကိုတည်ထွင်ခဲ့တဲ့ Developer တစ်ယောက်ရဲ့နာမည်ဗျ။သူက Helsinki တက္ကသိုလ်က Linux Torvalds ဆိုတဲ့ ကွန်ပြူတာကျောင်းသားတစ်ဦးပါ။သူ့ ရဲ့နာမည်ကိုအစွဲပြုပြီး Linux os ဆိုပြီး ခေါ်လာကြတာဒီနေ့ အထိပါပဲ။ 2007 ခုနိုဝင်ဘာ 6 ၇က်နေ့ မှာ Google ကဦးဆောင်ပြီး၊ Open Handset Alliance (OHA) ကိုစတင်ဖွဲ့ စည်းခဲ့ပါတယ်။အဖွဲ့ ဝင်တွေကတောGoogle, HTC, Sony, Dell, Intel, Motorola, Qualcomm, Texas Instruments, Samsung Electronics, LG Electronics, T-Mobile, Sprint Corporation, Nvidia, နဲ့ Application developers အပါအ၀င် ၄၇ ဦးနဲ့ စတင်ဖွဲ့ စည်းခဲ့ပါတယ်။ G

USB ဖြင့် download mode ၀င်တဲ့Jig လုပ်နည်း

Image
ကျွန်တော်မနေ့ က SAMSUNG download mode ၀င်တဲ့ jig လုပ်နည်းလေးတင်ပေးခဲ့ပါတယ်၊အားလုံးလဲလုပ်ကြည့်လို့ အဆင်ပြေမှာပါ။အခုထပ်ပြီုးKindle Fire e book တွေမှာမြန်မာဖောင့်သွင်းရင်း၊ boot lopping ဖြစ်သွားတဲ့အခါ  firmware ပြန်တင်ဖို့ download mode ၀င်ဖို့ မလွယ်ပါဘူး၊အကြောင်းကတော့ အဲဒီကောင်မှာခုလုပ်ဆိုလို့  power button တစ်ခုပဲပါလို့ ပါ။သူ့ ကိုလဲမနေ့ ကလိုပဲ့ hand made လေးလုပ်လို့ ရပါတယ်။သူကတော့ resistor 1kတစ်လုံးနဲ့ usb ခေါင်းအလွတ်တစ်ခုပဲလိုတာပါ။ smaung မှာကအနုတ်လိုင်းနဲ့  id လိုင်းကို130k နဲ့ ခွပြီးဆက်သွယ်တာပါ၊ဒီမှာကြတော့ အပေါင်းလိုင်းနဲ့  idလိုင်း ကို 1k တစ်လုံးခံပြီး id ဘက်အခြမ်းကိုခဲအသေဆော်လို့ မရပါဘူး၊ signalလေးတစ်ချက် တို့ ပေးလိုက်ရင် download mode ထဲရောက်သွားပါမယ်။ူLG တွေမှာလဲတစ်ခါတစ်၇ံ download mode ၀င်ပေးဖို့ လိုရင်ဒီနည်းနဲ့ ဖြေရှင်း နိင်ပါတယ်။LG မှာတော့ အနုတ်နဲ့ id ကို56k နဲ့ တပ်ပေးရပါတယ်။ MOTOROLA မှာဆို၇င် အပေါင်းလိုင်းနဲ့ ID ကိုဒါရိုက်ပေါင်းပေးယုံပါပဲ Sansung ဖုန်းတွေမှာ network unlock ဖြစ်တာကိုဖြေရှင်းတဲ့ z3x box တွေ၇ှိပါတယ်၊ ဈေးကြီးပြီးစပယ်ရာပတ်ဝယ်ဖို့ မလွယ်ပါဘူး၊အဲဒီကောင်တွေမှာဖုန်

မီတာတိုင်းနည်းလေး

မီတာတိုင်းနည်းလေးဆက်တင်ပေးလိုက်ပါတယ်-Smd resistor လေးတွေကပတ်လမ်းပေါ်မှာအမဲရောင်အတုံးသေးသေးလေးတွေပါ။digital meter  ရှိတဲ့သူတွေကတော့ ohm စကေးမှာထားပြီးတိုင်းလို့ ရပါတယ်။ရိုးရိုးမီတာဆိုရင်တော့ohm စကေးကို လိုအပ်သလိုချိန်ညှိပြီးတိုင်းနိင်ပါတယ်၊resistor လေးတွေမှာကုပ်နံပါတ်လေးတွေရေးထားတတ်ပါတယ်၊ Diode မှာဆိုရင်လဲအပေါင်းဖက်အခြမ်းကိုအဖြူရစ်ကလေးနဲ့ ဖြစ်ဖြစ်၊မျဉ်းကြောင်းလေးတွေနဲ့ ဖြစ်ဖြစ် ခွဲခြားပေးထားပါတယ်။တစ်ခုရှိတာက zener diode နဲ့ resistor ကအရောင်တူနေတတ်ပါတယ်။များ သောအားဖြင့် resistor လေးတွေကအရွယ်ပိုမိုသေးငယ်ပါတယ်။zenzer diode ကမီတာနဲ့ တိုင်းရင် တစ်ဖက်ပဲပြပြီး resistor ကတော့ နှစ်ဖက်စလုံးမှာတူညီတဲ့မျှားတံလေးပြနေမှာပါ။ Coil လေးတွေကိုတော့ပုံမှန်တိုင်းနေကြအတိုင်းပဲတိုင်းလို့ ရပါတယ်။မီတာမှာပြရင်အကြမ်းအားဖြင့် ကောင်းတယ်လို့ ယူဆနိင်ပါတယ်။အိုင်စီတွေကိုတော့ဘာမီတာနဲ့ မှကောင်းမကောင်းတိုင်းကြည့်လို့  မသိနိင်ပါဘူး။သူ့ မှာtransisror,resistor,capacitor, လေးတွေကိုပေါင်းစပ်ပြီး BGA package အနေနဲ့  ဖွဲ့ စည်းထားတာပါ။ Crystal တွေကိုတော့ digital meter မှာ HZ% ပါရင်တိုင်းလို့ ၇ပါတယ်။အတိအကျမဟုတ်တောင် Cry

SDS (Sudden Death Syndrome)

SDS (Sudden Death Syndrome) လို့ ပြောလိုက်တာနဲ့  samsung ဆရာကြီးတွေကသိပြီးသားဖြစ်ပါတယ်၊ဒါပေမယ့်မသိသေးတဲ့ညီငယ်တွေအတွက် ရည်ရွယ်ပြီးရေးလိုက်တာပါ။ samsung s3,note2 တို့ မှာအများဆုံးဖြစ်လေ့ရှိတဲ့ အလိုလိုနေရင်းပါဝါသေတဲ့ပြသနာပါ။အဲဒီ model တွေမှာသုံးထားတဲ့ CPU နဲ့  EMMC ပြီးတော့ 4.0.4,4.1.1,rom အဲဒီအချက်တွေကဆက်စပ်မှုရှိပါတယ်။ emmc ထဲမှာရှိတဲ့ flash ram အလွှာလေးတွေထဲက boot loader အပိုင်းကို cpu က os error ကြောင့် မှားယွင်းပြီး format ရိုက်ပေးလိုက်ပါတယ်။ boot loader အပိုင်းပျက်သွားပြီဆိုတော့ ဆက်ပြီးတက်လာစရာလဲအကြောင်းမရှိတော့ဘူးပေါ့၊ hardware သမားကတော့ emmc ဖြုတ်လဲလိုက်တာပေါ့၊ကျွမ်းကျင်တဲ့သူဆိုရင်နာရီဝက်ဆိုပြီးရော။ s3 ပေါ်ခါစဆို sds ဖြစ်ရင် 150000 လောက်ကိုပေးပြီးပြင်ကြရတယ်၊ software နဲ့ လဲကုလို့ တော့ရပါတယ်။လိုအပ်တာတွေကသက်ဆိုင်ရာ bootloader လိုတယ်။ download mode ၀င်ဖို့  usb jig လိုတယ်။usb jig ပြုလုပ်ပုံတော့ကျွန်တော်တစ်နေ့ က တင်ပေးထားပါတယ်။ odin ကိုပဲသုံးမှာပါ။ bootloader .tar file ကိုတော့ဖုန်းအကောင်း တစ်လုံးကနေပြန်ထုတ်ယူလို့ လဲရပါတယ်။ sd ကပ်ကောင်းကောင်း 4gb တစ်ခုလိုပါတယ်။ odin မှာပါတဲ့၊ T

Bootloader (htc)

Image
ကျွန်တော်တို့  IOS ဖုန်းတွေအသုံးပြုဖို့  apple id လုပ်ခဲ့ကြသလို့ပဲ၊ htc ဖုန်းတွေ root လုပ်ဖို့ အတွက် http://www.htcdev.com/ မှာ register account တစ်ခုဦးစွာ ပြုလုပ်ထား၇ပါတယ်။ apple id လောက်ခက်ခဲမှုမရှိတဲ့အတွက်ကျော်သွားလိုက် ပါမယ်။ပုံမှာမြင်တွေ့ ရတာတော့၊htc ဖုန်းတစ်လုံးမှာ cwm သွင်းမယ်ဆိုရင်ဆက် စပ်နေတဲ့ bootloader အပိုင်းကို ကျွန်တော်လေ့လာမိသလောက်မသိသေးတဲ့ညီ ငယ်လေးတွေလေ့လာရအောင်ဆွဲထားတာပါ။လိုအပ်ချက်တွေရှိရင်ကျွန်တော် ရဲ့အားနည်းချက်ကြောင့်ဖြစ်ရတဲ့အတွက်ဆရာသမားများကခွင့်လွတ်နားလည်ပေး ဖို့ ပြောပါရစေ။ android ဖုန်းတွေမှာ root access ရဖို့ နည်းလမ်းတွေတော်တော် များပါတယ်။လူသုံးများတာကတော့ one click root tool တွေဖြစ်တဲ့ v-root တို့  root master တို့ လို software တွေပေါ့၊ နောက်တစ်မျိုးက cwm တင်ပြီး root ရယူနည်း၊ နောက်တစ်ခုက kernel update လုပ်နည်းတွေပေါ့၊ဒီအထဲမှာ cwm သွင်းတဲ့နည်းကတော့အမှားအယွင်းအနဲဆုံးနည်းပဲဖြစ်ပါတယ်။ htc ဖုန်းတွေမှာ cwm သွင်းဖို့ အရင်ဆုံး boot loader ကို unlock လုပ်ထားဖို့ လို ပါတယ်။အဲဒီမှာအဆင့်ခြောက်ဆင့်လောက်တော့လုပ်ယူရပါတယ်။ အရင်ဆုံးမိမိရဲ့ကွန်ပြူတာမှာ htc driver-

Ramos Tab Voltage

Image
Ramos tab လေးတစ်လုံး လုပ်တာကတော့ usb အထိုင်ခေါင်းလာလဲတာပါ။ ကြုံတုန်းဗို့ လေးတိုင်းပြီးပတ်လမ်းလေးနဲနဲရှာပြီးတင်ပေးလိုက်ပါတယ်။ပုံမှန် 3.2vရောက်တဲ့နေရာလေးတွေနဲ့ ၊ usb တပ်လိုက်ရင်ဝင်လာတဲ့ဗို့ လေးတွေပါ ပြပေးထားပါတယ်၊အပြာရောင်မျဉ်းလေးက charging မ၀င်ရင်စစ်ပေးရမဲ့လမ်း ကြောင်းပါ။ back light ဗို့ ကတော့ dc14v ပါ။ Ko Aung May 28 Credit to >>> Ko Aung https://www.facebook.com/ko.aung.1485

USB Memory Stick

Image
USB Memory Stick တစ်ချောင်း အသေးစိတ် လေ့လာခြင်း သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 1 USB Standard, Male A-plug ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။ 2 USB mass storage controller device သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ 3 Test points test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။ 4 Flash memory chip အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆု

Huawei Backlight (U8661)

Image
back light တွေနဲ့ ပတ်သက်ပြီးနောက်တစ်ခုပါ။ (1) ကတော့power supply အထွက်ကနေ back light ic ရဲ့ pin no 4 ကို3.5v ပေးတဲ့ နေရာပါ။ (2) အိုင်စီရဲ့pin 4 မှာ3.5vရှိရပါမယ်မရောက်ရင် (1) နဲ့ (2) ကိုjumper ကျော်ပေးနိင်ပါ တယ်။ (3) boot coil ရဲ့အ၀င်ထိပ်မှာ dc3.5v ရှိရပါမယ်။ (4) boot coil ရဲ့အထွက်ကနေ Diode ခံပြီး dc 14v ရှိရမယ့်နေရာပါ။ဒီနေရာမှာပုံမှန် 14v မရောက်ရင် (6) မှာပြထားတဲ့ capacitor လေး လဲပေးပါ။ diode ပြတ်နေရင်လဲ ဗို့ မထွက်နိင်ပါ။ components တွေလဲကောင်းတယ်၊အ၀င်ဗို့ တွေလဲရောက်တယ် ဗို့ မထွက်ဖူးဆိုရင်တော့(7) bl ic ကိုလဲကြည့်ရပါမယ်။ (5) ကတော့ lcd connector မှာ dc14v ၀င်မဲ့နေရာပါ။pin no 2 ပါ။ဒီလောက်ဆိုရင်တော့အသင့်အတင့်အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေ။ Ko Aung May 15 Credit to >>> Ko Aung https://www.facebook.com/ko.aung.1485

Huawei Y310-T10 Backlight

Image
Huawei Y310-T10 လေးတစ်လုံးရေ၀င်ထားတဲ့အလုံးလေးပါ။ Back light မလာပါ။စစ်ကြည့်လိုက်တော့ boot coil ဘေးနားက diode လေးပြတ်နေတာ တွေ့ ရတယ်။ diode အသစ်လဲပြီးဗို့ တိုင်းကြည့်လိုက်တော့ dc 25v လောက်ပြနေတယ် အိုင်စီရော coil ပါအရမ်းပူလာပါတယ်။သုံးထားတဲ့အိုင်စီက M04 ပါ။ Oscillator ပိုင်းပုံမှန် အလုပ်မလုပ်တော့တဲ့အတွက်ဗို့ တွေအထွက်များနေတာပါ၊ပုံမှန်က dc14v ပါ။ အိုင်စီလေးလဲပြီးစမ်းကြည့်လိုက်တော့ပုံမှန်အတိုင်း dc14v ထွက်လာပါတယ်။အိုင်စီရော coil ပါ မပူတော့ပါဘူး။ပတ်လမ်းနဲ့ ဗို့ ရှိရမယ့်နေရာလေးတွေကိုတင်ပေးလိုက်ပါတယ်။ (1) က diode ပါ။ပါဝါမနိုးခင်မှာ diode ရဲ့ထိပ်မှာ dc3.5v ရောက်နေပါတယ်။ (2) ကlcd ၇ဲ့ pin no-2 ကိုdc14v ပေးသွင်းရမဲ့နေရာပါ၊တကယ်လို့ အဲဒီပတ်လမ်းပြတ်နေရင် Diode တစ်လုံးခံပြီး jumper ကျော်ပေးလို့ ရပါတယ်။ (3) Back light ic လေးပါ။အဲဒီကောင်မကောင်းရင်၊dc 3.5 ဗို့ ကိုမမြင့်ပေးနိင်တာ၊ဒါမှမဟုတ် ဗို့ တွေကျွံနေတာမျိုးဖြစ်တတ်ပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေ။ Ko Aung May 22 Credit to >>> Ko Aung https://www.facebook.com/ko.aung.1485

About FET

Image
FET နဲ့ ပတ်သက်ပြီးညီလေးတစ်ယောက်မေးထားတာတွေ့ လို့ ပါ။ FET ရဲ့စာလုံးအပြည့်အစုံကတော့ Field Effect Transistor ပါ။သူ့ မှာ Gate,Drain,Source ဆိုပြီးငုတ်သုံးငုတ်ရှိပါတယ်။ Gate ကတော့ Transistor မှာဆို Base လိုပေါ့ ၊ current ကို အဖွင့်အပိတ်လုပ်ပေးတဲ့ငုတ်ပါ။ Drain ကတော့ Collector နဲ့ တူပြီး Source ကတော့ Emitter ပါ။ FET မှာလဲ N-Channel,P-Channel ဆိုပြီးနှစ်မျိုးရှိပါတယ်။FET တွေမှာရိုးရိုး Transistor တွေထက် အားသာချက်တွေအများကြီးရှိပါတယ်။အလွန်သေးငယ်တဲ့ signal လေးတွေကိုချဲ့ ထွင်နေရာမျိုးမှာ FET ကပိုကောင်းပါတယ်၊ဖုန်းတွေမှာဆို Net work ပိုင်းတွေမှာ RF signal တွေကိုကိုင်တွယ်ရတဲ့ အပိုင်းတွေမှာသုံးပါတယ်။ digital mic တွေရဲ့အ၀င် signal ချဲ့ ထွင်တဲ့အပိုင်းတွေမှာသုံးပါတယ်။ မလိုအပ်တဲ့ နှောက်ရှက်သံတွေကိုလျှော့ချပေးပါတယ်။FET လိုပဲနောက်တစ်ခုက MOSFET ပါ။ သူကဖုန်းတွေရဲ့ Charging ပိုင်းမှာသုံးကြပါတယ်။လိုအပ်တဲ့ current ကိုချိန်ငြှိပေးနိင်ပါတယ်။ Transistor တွေမှာ လျှပ်ကူးနိင်မှုကို hfe ပေါ်မူတည်ပြီးအနဲအများ၇ှိတတ်ပါတယ်။ FET ကတော့ D နဲ့  S အကြားလျှပ်ကူးမှုဟာ 0 ohm အထိချဲ့ ထွင်ပေးနိင်ပါတယ်။ FET ကိုတိုင်းမယ်ဆိုရင

c8813 & T8830 backlight jumper

Image
ဆရာတွေကတော့backlight ic အလုပ်လုပ်ပုံကိုသေချာရှင်းပြသွားကြပါပြီ တချို့သောလိုက်မမှီတဲ့ညီငယ်တွေကိုတော့ကျွန်တော်တွေ့ထားတဲ့ တွေ့ရှိချက်လေးကိုပုံနဲ့တင်ပေးလိုက်ပါတယ် လေ့လာဆဲလူငယ်တွေအတွက် ကျွန်တော်တွေ့ထားတဲ့ပြစ်ချက်များထက်ပိုပြီးလေ့လာနိုင်ကြပါစေ C8813D နဲ့ T8830pro ပါ Smart Smartmobile May 14 Credit to >>>  Smart Smartmobile https://www.facebook.com/rosey.rosey.92

Power ic PM 7540

Image
Power ic PM 7540 သုံးထားတဲ့ပတ်လမ်းတွေမှာ bl ပတ်လမ်းကိုသီးခြားမထည့်တော့ပဲ power ic မှာပဲတွဲပြီးတည်ဆောက်ထားတာတွေ့ ရပါတယ်။ huawei c8650 မှာသုံးပါတယ်။ bl ဗို့ ၇ှိ၇မယ့်နေ၇ာနဲ့  LCD connector ငုတ်မှာအ၀င်ဗို့ ၇ှိရမယ့်နေရာလေးတွေကိုပြပေးထားပါတယ်။ပတ်လမ်းမှာမြင်ရတဲ့အပြာ ရောင်မျဉ်းကတော့ boot coil အထွက်မှာဗို့ ရှိပြီး display ic မှာဗို့ မရောက်ရင်ကြိုးကျော် ပေးနိင်ပါတယ်။ lcd ထဲမှာရှိတဲ့ led လေးတွေကောင်းမကောင်းစစ်ကြည့်ချင်ရင်တောူ့lcd panel မှာရှိတဲ့ connector ကြိုးပြားလေးရဲ့ pin no 7မှာမီတာရဲ့အနက်တံကိုထောက်ပြီး၊ pin no 6,5,4,3,1, တို့ မှာအနီတံနဲ့ တစ်ခုခြင်းပြောင်းထောက်ကြည့်ပါ၊အားလုံး led 5 လုံးပါဝင်ပါတယ်။အား လုံးအဆင်ပြေကြပါစေ။ Ko Aung May 15 Credit to >>> Ko Aung https://www.facebook.com/ko.aung.1485

Huawei Bluetooth

Image
Huawei တွေမှာအသုံးများတဲ့ blue tooth ic လေးပါ။- BCM4329F--ဒီ ic တွေမှာ  control အ၀င်ငုတ် ၈ခုပါဝင်ပါတယ်။အများဆုံးတော့ ၃ ခုလောက်ပဲသုံးကြပါတယ်။ ဒီကောင်လေးရဲ့ version ကတော့ 2.1 အထိ support လုပ်ပေးပါတယ်။သူနဲ့ တွဲဖက်ပြီး အလုပ်လုပ်ပေးတာကတော့ 37.4 MHZ crystal လေးပါ။ ထူးခြားတာတစ်ခုကဒီအိုင်စီ လေးဟာ Touch မှန် နဲ့ ဆက်စပ်မှုရှိနေတာပါ။တစ်ခါတစ်ရံမှာ touch ကိုလုံးဝမထိပေမယ့်သူ့ ဘာသူ လိုက်ရွှေ့ နေတဲ့ error မျိုးကြုံဖူးကြမှာပါ၊အဲဒီလိုဖြစ်ရင် ဒီအိုင်စီပတ်းလမ်းတစ်ဝှက်ကိုသန့် ရှင်းရေးလုပ်ပေးရင်ပြန်ကောင်းသွားပါတယ်။ touch မှန်အလုပ်မလုပ်ရင်လဲဒီနားတစ်ဝှက်ကိုပဲအပူလေးပေးကြည့် components လေးတွေစစ်ကြည့်ရင်ရသွားတတ်ပါတယ်။နောက်တစ်ခုက FM လိုင်းတွေကိုလဲဒီအိုင်စီလေးကပဲဖမ်းယူပေးတာပါ။ ဖုန်းတွေမှာက RF ကိုပဲအဓိက ထားသုံးတဲ့အတွက် FM ပိုင်းကို တော့ blue tooth device တွေနဲ့ ချိတ်ဆက်မှပဲ သုံးကြပါတယ်။ဒီအိုင်စီလေးကို i phone 4မှာသုံးထားတာလဲတွေ့ ရပါတယ်။ Ko Aung May 14 Credit to >>> Ko Aung https://www.facebook.com/ko.aung.1485

Huawei Backlight 1

Image
Ko Aung May 14 ညီလေးပြောတဲ့ back light driver အပိုင်းကိုရှင်းပြထားတဲ့ပုံလေးတင်ပေးလိုက်ပါတယ်။Huawei တွေမှာ PM 8029 သုံးတဲ့အလုံးတွေဆို၇င်ဒီလိုသီးသန့် ပတ်လမ်းလေးနဲ့  bl ကိုမောင်းပါတယ်။ PM 7540 သုံးတဲ့ကောင်တွေမှာတော့သီးသန့် အနေနဲ့ မပါတော့ဘူး၊အဲဒီ ic ထဲမှာပဲ bl ပတ်လမ်းကိုထည့်ပေးထားပါတယ်။ရေ၀င်လို့  bl မှိန်သွားတဲ့ဖုန်းတွေမှာ c2102 33p ဆိုတဲ့ capacitor လေးကိုလဲပေးရပါမယ်။လုံး bl ပျောက်နေရင် v in လမ်းကြောင်းပေါ်က fuse coil ရယ်၊ filter capacitor လေးတွေမှာဗို့ ရှိမရှိစစ်ကြည့်ပါ။ boot coil ရဲ့အထွက်မှာရှိတဲ့ diode လေးစစ်ကြည့်ပါ။lcd တွေကနေ feed back ယူထား တဲ့ resister ပြတ်နေရင် lcd တစ်ချက်လင်းပြီးပြန်ပိတ်သွားတဲ့ error မျိုးတွေဖြစ်တတ်တယ်။ဖြေးဖြေးလေ့လာကြည့်ပေါ့။ Credit to >>> Ko Aung https://www.facebook.com/ko.aung.1485

iPhone 4

Image
i phone 4 တစ်လုံးမှာပါဝင်တဲ့ ic တွေရဲ့တည်နေရာနဲ့ အခေါ်အဝေါ်လေးတွေလေ့လာလို့ ရအောင်တင်ပေးလိုက်ပါတယ်။- 1- Sky works SKY77541 GSM/GPRS Front end module 2- Triquint TQM666092 Power Amp 3-Sky works SKY77452 W-CDMA FEM 4- Triquint TQM676091 Power Amp 5- Apple 338s0626 Infineon GSM/W-CDMA Transceiver 6- Sky works SKY77459 Tx-RxFEM for Quad-Band GSM/GPRS/EDGE 7 Apple AGD1 ST Micro 3 axis digital gyroscope 8 Apple A4 Processor 9- Broadcom BCM4329FKUBG 802.11 with Bluetooth 2.1+EDR and FM receiver 10- Broadcom BCM4750IUB8 single chip GPS receiver - 1- Apple 343S0499- Touch screen controller 2-The Logic 338s0589 Audio codec 3-Toshiba 256G bit, x8 FLASH Memory 4- 338so867 Dialog Power management (POWER IC) 5- 3383 Base band processor 6- INTEL DDR SDRAM and INTEL NOR Ko Aung May 13 Credit to >>> Ko Aung https://www.facebook.com/ko.aung.1485